မြို့သစ် ဇွန် ၂၂
မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား / ကျောင်းသူများ အသိပညာ ဗဟုသုတရရှိ စေရန်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိူးများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း( Book Club) အဖွဲ့တို့ပူးပေါင်း၍ ယ နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုစာအုပ် ပြပွဲ ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာကြီးများမှ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ဆိုးကျိုးများ ၊ ရှောင်ကြဉ်ရမည့် အ ချက်များနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေး ပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြပြီး နံရံကပ်စာစောင်၊ ဓာတ်ပုံမှတ်တမ်းများ ၊စာအုပ်စာ စောင်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရ သည်။
သန်းဝင်းထွန်း (မြို့သစ်)