မဟာအောင်မြေ၊ ဇွန် ၂၂
မဟာအောင်မြေမြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိနိုင်ရေးအတွက် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ကလေး သူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ခင်ဝင်းအောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အခွင့်အရေးများ ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးအောင်သူဝင်းက ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွတ်ဆွေးနွေးပြီး တက်ရောက်လာ သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်