ရွာငံ ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရွာငံမြို့နယ် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များ၊ ကားဂိတ်များ၊ ဈေးများစသည့် လူထူထပ်ပြီး အသွားအလာများ နေရာများအား ရှမ်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများသိစေရန် အသိပေး ကြေညာချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များမှ မိမိတို့ဌာနအလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက မိမိတို့ဌာနအတွင်းရှိ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများများအား ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ခြင်းလုပ်ငန်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးတို့ကို အသိပေးကြေညာသွားရန် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (မြို့နယ်ပြန်/ဆက်)