သုံးခွမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

သုံးခွ ဇွန် ၂၂

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ်နေ ပြည်သူများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ စာဖတ်ပရိတ်သတ်များ အနေဖြင့် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး အန္တရာယ် အ‌ကြောင်း သိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာများ၊ ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများ ကျဆင်း‌ပ‌ပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ စသည့် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာများကို နံရံကပ်စာ‌စောင်တွင် ကဏ္ဍစုံလင်စွာ ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

ယခုလို မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာ‌စောင်ပြသရခြင်းမှာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသူကျောင်းသားများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းကို သိရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်လုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။

နံရံကပ်စာစောင်ပြပွဲကို ဇွန် ၂၁ရက်နေ့မှ ၂၆ရက်နေ့အထိ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။