မင်းလှမြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရန် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး  Mask Campaign  ပြုလုပ်

 

အထက်မင်းလှ   ဇွန် ၂၂

 

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့် ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်း စည်း  မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign  ပြုလုပ်ခြင်းကို ဇွန်လ ၂၂ ရက်နေ့  နံနက် ၈ နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign  ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း‌အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း အဖွဲ့က အပြင်သွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကြိုတင်ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များ အတိုင်း စနစ်တကျနေထိုင်သွားလာကြရန် ၊ နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရန် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ အကွာနေထိုင်သွားကြရန် ၊လက်ကိုစနစ်တကျဆေးကြောရန်၊ ကိုဗစ် - ၁၉ ရောဂါပိုး သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန် စသည့် ကြိုတင် ကာကွယ်ရေး ဆိုင်ရာ လိုက်နာရန်အချက်များနှင့် ယာဉ်အန္တရာယ်ကင်း‌ဝေး‌စေရန်အတွက် ဆိုင်ကယ် ဦးထုပ်ဆောင်း၍ စီးနင်းသွားလာကြရန်တို့ကို အသိပညာပေးဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်းမပါသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask)များ ဖြန့်ဝေတပ်ဆင်ပေးခဲ့သည်။ 

 

မင်းလှမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး Mask Campaign  ပြုလုပ်ခြင်းကို အများပြည်သူသွားလာသည့် မြို့အဝင်၊ မြို့အထွက် လမ်းဆုံနေရာများနှင့် မြို့နယ်စည်ပင်သာယာစျေးတို့၌ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဇာဇာ(အထက်မင်းလှ)

      09258637848