ဇေယျာသီရိ ဇွန် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ '' ပန်းခင်းစီမံချက် " ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးအုပ်စု အတွင်း နေထိုင်လျက်ရှိသည့် အသက် (၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ဖူးခြင်း မရှိသေးသူများကို ကျွန်းရောင်းကျေးရွာအုပ်စု ရွှေပေးကျေးရွာ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးအနေဖြင့် '' ပန်းခင်းစီမံချက် " ဖြင့် ဇွန်လ(၂၂) ရက်နေ့မှစတင်ကာ ဇွန်လ(၂၄) ရက်နေ့ထိ ကျွန်းရောင်းကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့်အသက်(၁၈)နှစ် အထက်လူဦးရေ (၂၆၁)ဦး တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသော မြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)