မော်လမြိုင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူရာတွင် ကိုဗစ်−၁၉ကာကွယ်ရေး နည်းလမ်းများအညီ ဆောင်ရွက်ပေး

 

မော်လမြိုင်     ဇွန်     ၂၂

 

မွန်ပြည်နယ်၊  မော်လမြိုင်မြို့   မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၌ ၂၀၂၁ခုနှစ်၊  ဇွန်လအတွက် ပင်စင်လစာထုတ်ပေးခြင်းကို  ဇွန်လ(၂၁)ရက်နေ့မှစတင်ခဲ့ပြီး  ထုတ်ပေးရာ တွင်လည်း    ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းအ​နေဖြင့် လူစု၊ လူဝေးမဖြစ်ပေါ်စေရန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၇နာရီတွင်လည်း  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ    ဆက်လက် ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။

 

အဆိုပါ  ပင်စင်လစာများ ထုတ်ပေးခြင်းနှင့်ပတ်သက်၍   “နိုင်ငံ့ဝန်ထမ်း  အငြိမ်းစားများ၏ ပင်စင်ကို ဇွန်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးတာဖြစ်ပါတယ်  ပင်စင်လစာ  ထုတ်ပေးသည့်နေ့တွင် လူဦးရေ(၇၀၀)ကျော်ရှိပြီးတော့   ထုတ်ပေးသည့်ငွေ   စုစုပေါင်းသိန်း(၈၀၀)ကျော်    ထုတ်ပေးပြီး ဖြစ်ပါတယ်။   နိုင်ငံဝန်ထမ်းအငြိမ်းစာများ၏   ပင်စင်လစာထုတ်ယူရာမှာလည်း   ကိုဗစ်−၁၉ကာလ အတွင်းဆောင်ရွက်ပေးရသဖြင့်  အငြိမ်းစားဝန်ထမ်းများ၏  ငွေထုတ်ယူမှု အဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များ၊  စည်ကမ်းသတ်မှတ်ချက်များ နှင့်အညီ” ဆောင်ရွက်ပေးထားသည်ကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂) မန်နေဂျာထံမှ သိရသည်။

 

ဇာဖြူဝင်း