ဘူးသီးတောင်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ဘူးသီးတောင်    ဇွန်     ၂၂ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်း နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း များ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက်  သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးစည်းကမ်းများနှင့်အညီစနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ 

ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးရန်ကျေးရွာ အုပ်စု (၄၉) အုပ်စု၊ တပ်ရင်းတပ်ဖွဲ့()ခုအတွက် စိုက်ဧက(၁၀၄၁၆)ဧက၊ ချေးငွေစုစုပေါင်း (၁၅၆၂၄.၀၀) သိန်း ထုတ်ချေးပေးရန် လျာထားရှိပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၂၆)ရက်နေ့ နံနက်ပိုင်းမှ စတင်ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ(၂၂) ရက်နေ့ထိ ကျေးရွာအုပ်စု()အုပ်စု၊တောင်သူဦးရေ(၈၉)ဦး၊ စိုက်ပျိုးရန်ဧက (၃၂၅) ဧကအတွက်ချေငွေပေါင်း (၄၈,၇၅၀,၀၀၀) သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ချေးငွေ ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ တာဝန်ခံ ဦးအေးသိန်းမှ သိရသည်။ 

  လှကျော်(ပြန်/ဆက်)