လွိုင်လင် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လက်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်ဟိန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင် တို့က အသီးသီးအမှာစကားပြောကြားပြီး လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စု(၂၇)မှ ဒုတိယတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဝင်းလှိုင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ရှောင်ကျဉ်ရမည့်အချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်ပြောကြားသည်။
ဆက်လက်၍ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု လွိုင်လင်မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇေယျက ယာည်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)မှ ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)