ကျိုက်မရောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Showပြုလုပ် 

ကျိုက်မရော    ဇွန်   ၂၂

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဆွေးပွဲ Talk Show အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ချိုမြတ်မြတ်ထွေးက ပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲပြုလုပ် ရခြင်းဖြစ် ကြောင်း ပြောကြားပြီး ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး အဆင့် ()ဒေါ်ရီရီဝင်းက မိုးရာသီတွင်ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ခြင်ကျားများပေါက်ပွားပုံ အဆင့်ဆင့်နှင့် ခြင်များ မခိုအောင်း နိုင်ရန် အိမ်တွင်းအိမ်ပြင်၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး၊ ရေလှောင်ကန်များတွင် ပိုးလောက်လန်းစာငါးများ မွေးမြူရန်၊ ရေတင်ကျန်နိုင်သောဗူးခွက်၊ တာယာဟောင်းများကို ကျင်းတူးပြီး မြေမြှပ်ကြရန်နှင့် ကလေးငယ်များအား ခြင်မကိုက်စေရန် ကြိုတင်ကာကွယ်နေထိုင်ရမည့် နည်းလမ်း များကို အသိပညာပေးဆွေးနွေးခဲ့သည်။ 

ဟောပြောပွဲအပြီးတွင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးရုံးရှိ ရေတွင်း ရေကန်များအားခြင်များ မပေါက်ပွားစေရန် အဘိတ်ဆေးများ ခပ်ပေးခဲ့ကြောင်း သိရသည်။

 

 ချိုမြတ်မြတ်ထွေး