Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်ယာဉ်နှင့် ပြင်ပမှ ဝင်ရောက်လာမည့်ခရီးသည်များကို ယခင်ကထက် အရှိန်မြှင့်စောင့်ကြပ်စစ်ဆေးမည်
Sep 28,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာနှင့်ပတ်သက်၍ ကန့်သတ်ထားသော ပြည်နယ်၊ တိုင်းဒေသကြီးများ အပါအဝင် မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူ မည်သူမဆို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဒေသအာဏာပိုင်အဆင့်ဆင့်မှ ထုတ်ပြန်သတ်မှတ်ထားသည့်အတိုင်း ညွှန်ကြားချက်များကို လိုက်နာစေရန် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ခရီးသွားလာမှုများ စစ်ဆေးနိုင်ရန် မြို့ဝင်ယာဉ်နှင့် ခရီးသည်ဝင်ရောက်မှုများကို ယခင်ကထက် အရှိန်မြှင့်ပိုမိုတင်းကြပ် စိစစ်သွားမည် ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ ခရိုင်အဆင့် မီးသတ်ရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် မြေနေရာ ကြည့်ရှုတိုင်းတာခြင်းဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ခရိုင်အဆင့် မီးသတ်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေနေရာကြည့်ရှုတိုင်းတာခြင်းကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းက ဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ ညွှန်မှူးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့်ဌာနဆိုင်ရာတို့က ကွင်းဆင်းကြည့်ရှုရာ မြေနေရာတိုင်းတာ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား Take- Away စနစ်ဖြင့်သာ ရောင်းချရန် ကွင်းဆင်းအသိပေးခြင်းဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက COVID-19 ရောဂါသည် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်၊ မှတဆင့် ကူးစက်ပြန့်ပွားမှုရှိလာသည်ကို တွေ့ရှိရပြီး ထိုသို့ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် နမ့်ဆန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် မပြုပဲ Take –Away စနစ်ဖြင့် သာရောင်းချရန်စက်တင်ဘာ ၂၆ ရက်နေ့ က ကွင်းဆင်း အသိပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့တွင် နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပြီး ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်က ကာလိမြို့မဈေးအနီး ပြည်ထောင်စုလမ်းမကြီးတွင် နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်- ၁၉ရောဂါဖြစ်ပွားရာနေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအတွက် ကိုဗစ်-၁၉ ဖြစ်ပွားရာနေရာများသို့သွား ရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု ထောက်ပံ့ ငွေ ကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ (၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊အစည်းအဝေးခန်း၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင် များအား ပါဆယ်စနစ်(Take-away)ဖြင့်သာရောင်းချ ခွင့်ပြု
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မိမိမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်း နိုင်ရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့က အမိန့်ကြော်ငြာ စာအမှတ် (၁၇/၂၀၂၀)ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေးအသိပညာပေး
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ပါဆယ်စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27942
Page
27943
Page
27944
Page
27945
Current page
27946
Page
27947
Page
27948
Page
27949
Page
27950
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department