သတင်းများ

နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jun 23,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့တွင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် မြင်းချီနိုင်ကျေးရွာနှင့် ထနောင်တပ်ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေး အတွက် ရည်ရွယ်ပြီး ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းမပျောက် မတည် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ်အဆင့် မြှင့်တင် ပေးခြင်း စသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီကမြင်းချီနိုင်ကျေးရွာနှင့်ထနောင်းတပ်ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူခရိုင် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်
Jun 23,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မီးသတ်ဦးစီးဌာနရုံးရှိ တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ် ခြင်း အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဟိုတယ်၊ တည်းခိုရိပ်သာ ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံ
Jun 23,2021
ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဟိုတယ်၊တည်းခိုရိပ်သာ ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံသည့် အခမ်းအနာကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
နတ်မောက်မြို့နယ် ရေငံကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေး
Jun 23,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က နတ်မောက်မြို့နယ် ရေငံကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ သည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ပါးစပ်နှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jun 23,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများပြားလာမှုကြောင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပေါင်းတည်မြို့နယ်ရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jun 23,2021
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ပြည်ခရိုင်အတွင်းရှိ အခြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တို့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်‌မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။