ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာရှိ ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က ရွှေခရုကာကွယ်နှိမ်နင်းရေး ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာကျေးရွာ စီမံအုပ်ချုပ်ရေးမှူးဦးစိုးဝင်းက ကျေးလက်နေတောင်သူများကိုအမှာစကားပြောကြားပြီး ပုသိမ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဌေးဝင်းက ရွှေခရုကျရောက်ခြင်း၏သွင်ပြင် လက္ခဏာ များ၊မျိုးပွားခြင်း၊ စပါးပင်များပျက်စီးအောင် စားသောက်ဖျက်ဆီးခြင်းစသည့် အကြောင်းအရာ များကို ရှင်းလင်း ပြောကြားကာ၊ ရွှေခရုကျရောက်ခြင်းမှကာကွယ်နည်း၊ နှိမ် နင်းကုသနည်း ၊ ကောက်ယူ ဖျက်ဆီး ခြင်း၊ ဇီဝနည်းဖြင့် နှိမ်နင်းခြင်း၊ ဓါတုနည်းနင့်နိမ်နင်းခြင်းများအား ရှင်းလင်းပြောကြားသည်။
ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ပိုးမွားဌာနမှဒေါ်နန်းမူရင်က ပိုးမွားကျရောက်မှုနင့်ကျရောက်သည့် ပိုးအမျိုး အစားများအား ကာကွယ်နှိမ်နင်းပုံနင့် ကာကွယ်နည်းလမ်းများအားရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသောတောင်သူများက သိလိုသည်များကို မေးမြန်းရာ ဒေါ်နန်းမူရင်မှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး နောက်ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ထွန်းက တောင်သူ များမျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးမှုနည်းလမ်း များအားရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်