မကွေး ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ်တွင် အငြိမ်းစား ဝန်ထမ်းဦးရေ (၆၀၀၀) ခန့်ရှိပြီး ယမန်နေ့တွင် အငြိမ်းစားဝန်ထမ်း (၁၄၃၈) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်းချက်များနှင့် ထုတ်ပေးခဲ့ပြီး ကျန်အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ အချိန်မီရရှိစေရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး အတွက် ရုံးအဝင်ဝတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ နှာခေါင်စည်း(Mask)များ စနစ်တကျ တပ်ဆင်ပြီးမှ ရုံးဝန်းအတွင်းသို့ ဝင်ရောက်စေခြင်း၊ ပင်စင်ထုတ်ယူရာတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် နေ့စဉ် နံနက်(၇)နာရီမှ ညနေ (၃) နာရီအထိ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကိုအောင်