တနင်္သာရီ ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူသံတိုက် ကျေးရွာမှ အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် ဇွန်လ ၉ရက်နေ့မှစ၍ တကူ (စံပြ) တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အတိုင်း (Facility Quarantine) အသွားအလာ ကန့်သတ်ထားရှိ၍ ကျန်းမာရေးစောင့်ကြပ်ပေးလျက်ရှိရာ ဇွန်လ၂၂ရက်နေ့တွင် (၁၄)ရက်ပြည့်၍ ကျန်းရေးကောင်းမွန်နေ သဖြင့် မွန်းလွဲ ၂နာရီအချိန်က ဆေးရုံတာဝန်ခံ ဆရာဝန်ဒေါက်တာ ဖြိုးမြင့်ကြည်က ဆေးရုံမှနေအိမ်သို့ ဆင်းခွင့်ပြုပြီး ဆေးရုံမှဆင်းခွင့်ပြုကြောင်း ထောက်ခံချက်ကို ပေးအပ်ကြောင်း သိရှိရသည်။
ထို့အပြင် ယနေ့ ဆေးရုံမှ ဆင်းခွင့်ပြုသည့် အမျိုးသား(၂)ဦးအား ဆေးရုံမှဆင်းသည့်နေ့မှ (၇)ရက်အထိ မိမိနေအိမ်၌ (Home Quarantine) အဖြစ် သီးခြားနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာပေးကြပါရန်အတွက် တာဝန်ခံဆရာဝန်မှ အသိပေးမှာကြားကြောင်း၊ ယခုအခါ တကူ(စံပြ) တိုက်နယ်ဆေးရုံတွင်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာနှင့် အသွားအလာ ကန့်သတ်၍ (Facility Quarantine) ထားရှိသူ မရှိတော့ကြောင်း တာဝန်ခံဆရာဝန်ထံက သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း