အမျိုးသမီး အပ်ချုပ်စက်(၂)လ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း ဇွန် ၂၂

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ရုံး၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အမျိုးသမီးအပ်ချုပ် စက်(၂)လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင် နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးတို့က သင်တန်းအဖွင့်အမှာစကားများကို ပြောကြားရာ တွင် သင်တန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သင်တန်းဖွင့်လှစ်ရန် စီမံဆောင်ရွက်ထားရှိမှုကြောင့် ယနေ့လိုမျိုး ဖွင့်လှစ်ပေးနိုင်ခြင်းဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်ပေးသည့် သင်တန်းကို အောင်မြင်ပြီးမြောက် သည်အထိ တက်ရောက်ကြရန်၊ သင်ကြားပို့ချသည့် စာတွေ့လက်တွေ့ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာ မှတ်သား ကြရန်နှင့် သင်တန်းတက်ရောက်ပြီးမြောက်ပါကလည်း မိမိဒေသတွင် တစ်ဖက်တစ်လမ်းမှ မိသားစု ဝင်ငွေများ ပုံမှန်ရရှိအောင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်၊ ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး အဆို ပါသင်တန်းကို သင်တန်း နည်းပြဆရာမ (၁)ဦးတည်းဖြင့် သင်တန်းသား(၁၅)ဦးကို စာတွေ့လက်တွေ့ (၂)လကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်ထံမှ သိရသည်။