ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)၌ အစိုးရနိကာယ်( ၅) ရပ် စာမေးပွဲကျင်းပ

ရန်ကုန် ဇွန် ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း၌ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရ နိကာယ်(၅)ရပ် စာမေးပွဲကို စက ရပ်ကွက် ကျိုက္ကဆံသီလရှင် စာသင်တိုက်၌ ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ဝိဒူစုအုပ်စု(၁) ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ သံဃာတော်အပါး (၇၄)ပါး၊ သီလရှင် (၁၈)ပါး၊ ဝိဒူစုအုပ်စု (၂)  ဘာသာရပ်အား၊ ဝင်ရောက်ဖြေဆိုသူသံဃာအပါး (၇)ပါး၊ သီလရှင်(၁)ပါး၊ ဝိဒူအုပ်စု(၅) ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ သံဃာအပါး(၆)ပါး၊ ဝိဒူစုအုပ်စု (၈)ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ သံဃာအပါး(၃)ပါး၊ သီလရှင်(၁)ပါး၊ မဟာဝိဒူစုအုပ်စု(၁) ဘာသာရပ်ဝင်ရောက်ဖြေဆိုသူ သံဃာအပါး(၁)ပါး၊ စုစုစုပေါင်း ဝင်ရောက်ဖြေဆိုသူ သံဃာတော်နှင့် သီလရှင်(၁၁၁)ပါးရှိကြောင်း သိရသည်။

စန္ဒာမိုး