သတင်းများ

ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲကစတင်ပြီး ဆောမြို့ မြို့မအားကစားကွင်းအနီး သီရိ/ဇေယျာ ရပ်ကွက် လမ်းဆုံ၊ မြို့လယ် လမ်းဆုံဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းထောင့်နှင့် ဆော-ဆိပ်ဖြူကားလမ်း မြို့ဝင် တံတားထိပ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
စာပေဗဟုသုတကြွယ်ဝစေရန်နှင့် စာပေမှရရှိလာမည့် အသိအမြင်ဗဟုသုတများကို အသုံးချနိုင် စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ဘူတာ(၃)လမ်းစျေးရှိ စျေးဝယ်သူ ပြည်သူများနှင့် ပဲခူး-ရန်ကုန် ကားလမ်းပေါ်ရှိ ခရီးသွားပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ကို ဖြန့်ဝေကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာလေမြို့ရုံး ဝန်ထမ်းများက ယနေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရှိ ဌာနဆိုက်ရာများ၊ စာကြည့်တိုက်များ၊စာ‌သင်ကျောင်းများ၊ လမ်းမကြီးဘေးဝဲယာတစ်လျှောက်ရှိပြည်သူများနှင့်‌ ဈေးဝယ်သွားလာသူများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဘိုတဲကုန်းကျေးရွာနှင့် လိပ်ချင်းကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
လားရှိုးမြို့မ‌ဈေး ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေး(၂)ပတ်ကြာ ယာယီပိတ်သိမ်း
Jun 23,2021
လားရှိုးမြို့နယ်၊ စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကြီးတွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ          (၁၅)ဦးရှိခဲ့ပြီးနောက် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဇွန်လ(၂၃)ရက် မှဇူလိုင်(၇)ရက်နေ့အထိ (၂)ပတ်ကြာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင် ထံကသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ယနေ့ နံနက် ၇:၃၀နာရီအချိန်က လူစည်ကားရာနေရာများဖြစ်ကြသော ဈေး၊ စာသင်ကျောင်းများ၊ မီးပွိုင့် လမ်းဆုံနှင့် ဌာနဆိုင်ရာများတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြ သည်။