ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဒဂုံမြောက် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ် နိုးသူများ အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာပေဖတ်ရှုမှုမြှင့်မား စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမောင်ကျေးဇူး၏ “လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ပါ အကြောင်းအရာများအား  စာပေချစ် မြတ်နိုးသူများ အဖွဲ့ဝင် ဦးတင်အောင်မှ ဦးဆောင်ဆွေးနွေးပြီး ကျန်အဖွဲ့ဝင်များမှ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးတက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်သော ဆောင်ရန် ရှောင်ရန်များ၊ လူမှုပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မိမိတို့ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးကင်းစင်စေရန် မိမိကစ၍ သိရှိလိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော စာပေချစ်သူများမှ “လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါး အန္တရာယ်” စာအုပ်ပါအချက်များကို မိမိတို့၏ အတွေးအမြင် ဗဟုသုတများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြင့်မြင့်ရီ