၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အပြေးပြိုင်ပွဲ ကျင်းပ

တောင်ကြီး   ဇွန်   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ယနေ့နံနက်၈နာရီက ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်မီတာ(၅၀၀၀)အပြေးပြိုင်ပွဲကျင်းပသည်။

၂၀၂၁ခုနှစ်အပြည်ပြည်ဆိုင်ရာ အိုလံပစ်အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်က မီတာ(၅၀၀၀)အပြေးပြိုင်ပွဲတွင် ပါဝင်ယဉ်ပြိုင်ကြသော ပညာဥယျာဉ်၊ မိဘမေတ္တာ၊မေတ္တာရင်ခွင်ကျောင်းတို့ကို အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပြီး မီတာ(၅၀၀၀) အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက်ကာလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်မီတာ (၅၀၀၀)အပြေးပြိုင်ပွဲတွင် ကျား/မ ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲကျား/မ၊ မီတာ(၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲကျား/မ၊ မီတာ(၈၀၀)အပြေးပြိုင်ပွဲ ကျား/မ အလျားခုန်ကျား/မ ပါဝင်ယှဉ် ပြိုင်သူဦးရေ(၂၀၀)ရှိပြီး ဆုရရှိသည့်မီတာ(၅၀၀၀)ကျား/မ ပထမ ၊ ဒုတိယ၊ တတိယဆုရရှိသူများ ၊ မီတာ(၁၀၀)အပြေးကျား/မ ပထမ၊ဒုတိယ၊တတိယဆုရှိသူများ၊ မီတာ (၈၀၀)အပြေး ကျား/မပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများ ၊မီတာ(၁၀၀)လက်ဆင့်ကမ်း ကျား/မ ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများ၊အလျားခုန် ကျား/မပထမ၊ဒုတိယ၊တတိယဆုရရှိ သူများကို ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်း၊ အားကစားနှင့် ကာယပညာသိပ္ပံညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်းအောင်နှင့် တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့် ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)