သတင်းများ

ပန်နန်းဒင်မြို့အ၀င် လူကူးကြိုးတံတားတစ်စင်း ရေမျောပါပျက်စီး
Sep 28,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အ၀င်ရှိ နမ့်တမိုင် ချောင်းကူးကြိုးတံတားမှာ ယခုရက်ပိုင်းအတွင်း မိုး အဆက်မပြတ် ရွားသွန်းခဲ့မှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ မျောပါပျက်စီးသွားကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများ အား ငွေကြေးထောက်ပံ့
Sep 28,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀) နှစ် ပြည့်ပြီး (၈၅) နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် အရှိန် အဟုန်ဖြင့်် စစ်ဆေးဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီမှ ည(၁၀)နာရီအထိ အရှိန်အဟုန်မပျက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၂၆ ရက် က ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် mask အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို မြို့ဝင်၊မြို့ထွက်ဂိတ်တွင် အရှိန်အဟုန်မြှင့်ဆောင်ခဲ့ကြောင်းသိရသည်။
ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ သဘာ၀ဘေးကြောင့်သီးနှံပျက်စီးသွားသည့် တောင်သူများအတွက်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Sep 28,2020
ချင်းပြည်နယ်၊ ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ကျီခါးမြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ သဘာ၀ဘေးကြောင့် သီးနှံပျက်စီးသည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို ၂၆ ရက်နေ့ နံနက်(၈)နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၁၁)ဦးအား လူမှုရေး ပင်စင်ခံစားခွင့် ထောက်ပံ့ငွေများပေးအပ်
Sep 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ၊ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ(၁၁)ဦးအား လူမှုရေးပင်စင်ခံစားခွင့် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်အတွင်း စားသောက်ဆိုင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေး ကွင်းဆင်းဆောင်ရွက်
Sep 28,2020
ကိုဗစ်- ၁၉ ရောဂါသည် ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် မိုင်းရယ်မြို့နယ်အတွင်းမှ ပြည်သူများအား ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် စက်တင်ဘာ ၂၆ ရက် နေ့လည်(၁)နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ညွှန့်စန်းရီနှင့် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများက စားသောက်ဆိုင်ပိုင်ရှင်များ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရေး ဆောင်ရွက်ခဲ့သည်။
ကွမ်းလုံမြို့နယ်တွင် ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံးသွားသောသီးနှံများအတွက် စပါး မျိုးစေ့ များ ပြန်လည်ထောက်ပံ့
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စုနှင့် ကောင်းကျဲ ကျေးရွာ အုပ်စု တွင် သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် စိုက်ပျိုး သီးနှံများ ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယာ စပါး မျိုးစေ့ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကောင်းကျဲကျေးရွာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။