ဂွ ဇွန် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ လူများဝင်ထွက်သွားလာမှုများသည့် ဌာနများနှင့် နယ်မြေခံတပ်ရင်းများအတွက် နှာခေါင်း စည်း(Mask) နှင့် HandGel များကို ယနေ့ နံနက်၁၀နာရီက အဆိုပါဌာနနှင့် တပ်ရင်းများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် ဦးဆောင်သော ဝန်ထမ်းများသည် လူများ ဝင်ထွက်သွားမှုများသောဌာနများ ဖြစ်သည့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊မြို့နယ်စီးပွားရေးဘဏ်၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် အမှတ်(၅၆၂) နယ်မြေခံ တပ်ရင်းများသို့ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန် အတွက် သွားရောက်၍ နှာခေါင်းစည်း (Mask) ၂၅၀၀နှင့်Hand Gel-၂၅ဘူးတို့ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေရည်ဝင်း