ဟိုပင် ဇွန် ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇွန် (၂၆) ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟိုပင်မြို့ ဦးစီးမှူးဒေါ်တိုးတိုးမေနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ် ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီက လူစည်ကားရာ နေရာများဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ဖက်ရည်ဆိုင်၊ အ.ထ.က ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ကားဂိတ်များနှင့် လမ်းသွားလမ်းလာပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် မူးယစ်ဆေးစွဲသူဖေးမကူ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက် စသည့် ဆောင်ပုဒ်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
တိုးတိုးမေ−ဟိုပင်