ရသေ့တောင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

 

 

ရသေ့တောင် ဇွန် ၂၃

 

ကျောင်းသား၊ကျောင်းသူကလေးငယ်များအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦး နှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ကံဆိုသည်မှာစေတနာ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်းက စာဖတ် ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး အခန်း(၉)ပါ ကျော်ကျော်လှိုင်၏ “ ရှေးမြန်မာမင်းများ၏ခေါင်းဆောင်မှု အရည်အသွေးကိုလေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(၂)မှ ဒသမတန်းကျောင်းသူ မယုယုမွန်က အခန်း (၅)ပါ  ချစ်စံဝင်း၏  “ ငယ်ငယ်တုန်းက ရစ်ကန်ရွာကြီးမှာ “ ‌ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေး များက ဆွေးနွေးချက်များအပေါ်  သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အဆိုပါစာအုပ်တွင် အခန်းပေါင်း(၂၈)ခန်းပါဝင်ပြီး စာရေးဆရာများ၏ အမှာစာများကို စုစည်းရေးသားထားကြောင်း သိရသည်။

 

အောင်စံထွန်း