ချင်းရွှေဟော်တွင် လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ချင်းရွှေဟော်    ဇွန်   ၂၃

ချင်းရွှေဟော်မြို့၊    အမှတ်(၂)ရပ်ကွက်တွင်    နေထိုင်သည့်  အသက်(၂၃)နှစ်အရွယ်၊   အမျိုးသားတစ်ဉီးအား   လားရှိုးမြို့မှ ပြန်လည်ရောက်ရှိလာကြောင်း သိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပြီး   ကျန်းမာရေးဌာနမှ ဝန်ထမ်းများက    ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ  Rapid Test Kit စနစ်ဖြင့်  စစ်ဆေးခဲ့ရာ ဇွန်လ၂၃ ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်  စစ်ဆေးချက်အဖြေအရ Positive  ထွက်ရှိ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၊သီးသန့် ကုသဆောင်သို့ပြောင်းရွှေ့ ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသည့် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၃)ဦးတို့အား  အသွားအလာကန့် သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိကာ ၎င်းတို့နေထိုင်သည့်အမှတ်(၂)ရပ်ကွက်၊ ဈေးလမ်းသွယ် (၁)၊လမ်းဆုံနေရာ  ကို အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  ချင်းရွှေဟော်မြို့၊  ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

(မြို့နယ်၊ ပြန်/ဆက်)