ချောင်းဆုံ ဇွန် ၂၃
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်နေ ပြည်သူများကိုဗစ် ရောဂါကာကွယ်ရေးစည်းကမ်းလမ်းညွှန်ချက်နှင့် အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေးနှာခေါင်းစည်းတပ်ဆင်ရေးစည်းရုံးလှုံ့ဆော်မှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၈)နာရီက ချောင်းဆုံအရှေ့ရပ်ကွက် ကမ္ဘောဇဘဏ်ရှေ့လမ်းဆုံတွင် ပြုလုပ်သည်။
အသိပညာပေးနှာခေါင်းစည်းတပ်ဆင်ရေးစည်းရုံးလှုံ့ဆော်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးဆောင်ပြီး မြို့နယ်အဆင့် ကိုဗစ် ၁၉-ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့ ပူးပေါင်းပြီး ပြည်သူများ အိမ်အပြင်ထွက်တိုင်းနှာခေါင်းစည်းတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထုအားလုံးမှ နှာခေါင်း စည်းများစနစ် တကျတပ်ဆင်ရေး၊ မကြာခဏလက်ဆေးခြင်း စသည့် အသိပညာပေးလှုံ့ဆော်မှုများပြုလုပ်ပေးခြင်း အားဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိပြည်သူများရောဂါကူးစက်မှုမရှိစေရေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယနေ့ Mask Campaign ပြုလုပ်ရာတွင် ခရီးသွားပြည်သူများအား Mask အခု (၁၀၀၀)ဖြန့်ဝေပေးခဲ့ကြောင်းနှင့် နောက်ရက်များ တွင် အခြားကျေးရွာများရှိ လမ်းဆုံလူစည်ကားသွားလာသည့် နေရာများတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္က ဦးစိုးလွင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)