ဟိုပုံး ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ(၂၆)ရက် နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနခန်းမရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁)တွင်အခမဲ့ဖြန့် ဝေခဲ့ကြသည်။
လက်ကမ်းစာစောင်တွင် လူငယ်များမူးယစ်ဆေးဝါး၏ သားကောင်များ အန္တရာယ်ကို ရှောင်ရှား နိုင်စေရန်အတွက် မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ စသည့်အကြောင်းအရာများ၊ အသိပညာပေး ကဗျာနှင့် ကာတွန်းများပါဝင်ကြောင်းသိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)