ဆားလင်းကြီးမြို့နယ်တွင် Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေး

 

 

ဆားလင်းကြီး  ဇွန် ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် Covid-19 ရောဂါကာကွယ်ဆေး တတိယအကြိမ် ပထမအသုတ်ကို      ဇွန်လ ၂၃ ရက် နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခမ်းမတွင် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

 

 

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ Volunteer များ စုစုပေါင်း (၂၅၀)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ် ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက ချက်ချင်းအရေးပေါ် တုန့်ပြန်နိုင်ရန်အတွက် မိနစ် ၃၀အကြာ စောင့်ကြပ်ကြည့်ရှု ပေးရန် စီစဉ်ဆေင်ရွက်ပေးထားကြောင်း သိရှိရသည်။

 

ဥမ္မာ