ခန္တီးမြို့တွင် ချင်းတွင်းမြစ်အတွင်း မြစ်ရေကြီးခြင်း သတိပေးနှိုးဆော်ချက်များ လိုက်လံနှိုးဆော်
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၃၆၀)စင်တီမီတာဖြစ်ပြီး ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် (၁၂၃၈)စင်တီမီတာသို့ ရောက်ရှိနေ ပြီဖြစ်သဖြင့် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၁၂၂)စင်တီမီတာ(၄)ပေခန့်သာ လိုအပ်ပါသဖြင့် ချင်းတွင်း မြစ်ဘေး နေထိုင်ကြသူများနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများ အနေဖြင့် ရေဘေးအန္တရာယ် အထူးသတိပြု နေထိုင်ကြရန် ချင်းတွင်းမြစ် အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။