သတင်းများ

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Aug 21,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ ၊မြို့တော်ခန်းမ၌  ကျင်းပသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm) များ ထိုးနှံပြီးစီး
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ် နှင့် အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm)ကို ယမန်နေ့က မြို့နယ်ပြည်သူ့ ဝန်ဆောင်မှု(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အား Stay at Home မြို့အဖြစ် သတ်မှတ်ဆောင်ရွက်
Aug 21,2021
ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်အား သြဂုတ်လ ၂၁ရက်နေ့မှစတင်ကာ Stay at Home မြို့အဖြစ်သတ်မှတ် ကြေညာဆောင်ရွက်ထားရှိကြောင်းသိရသည်။
မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ကာလတွင်း ဆေးဝါးနှင့်ဆေးပစ္စည်း သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ဆေးဆိုင်များအားကြပ်မတ်စစ်ဆေး
Aug 20,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ကာလအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းသတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဆေးဆိုင်များအား ယနေ့ နံနက်(၁၀)နာရီတွင် လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းများအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
Aug 20,2021
မွန်ပြည်နယ်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီ   ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည်  ယနေ့နံနက် ၉ နာရီက  မော်လမြိုင်မြို့၊    ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ် ကုသပေးစဉ် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများကို  ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဂုဏ်ပြု ချီးမြှင့်ငွေများ  ပေးအပ်ခြင်း အခမ်းအနား တက်ရောက်သည်။
လှိုင်းဘွဲမြို့နယ် သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်း၌ မိုးစပါးစုပေါင်းမြေဩဇာကြဲပက်
Aug 20,2021
အချိန်တိုအတွင်းလုပ်ငန်းပြီးစီး၍ တောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာများ နှီးနှောဖလှယ်နိုင်စေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ သမ္ဘာန်စိုက်ပျိုးနည်းပညာပေးရေး ရှေ့တန်းစခန်းရှိ တောင်သူဦးကျောက်လုံးပါ(၃)ဦး၏ မိုစပါးဆင်းသုခမျိုးစပါးစိုက်ခင်း(၁၅)ဧက၌ ယနေ့ နံနက် ၈ နာရီခန့်က မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ပွဲကို ကျင်းပသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ YGW ဘိုးဘွားရိပ်သာသို့ oxygen. Concentrator လှူဒါန်း
Aug 20,2021
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုကျေးရွာ၊ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် ဖွင့်လှစ်ထားသော YGW ထာ၀ရဘိုးဘွားရိပ်သာတွင် ယမန်နေ့က ဦးဇော်မျိုးဦးနှင့်သား မောင်သီဟထွဋ်၏ မွေးနေ့အလှူ အဖြစ် oxygen concentrator တစ်လုံးလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
သာပေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း"စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း"စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၄၄) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၄၈)စောင် ပေးအပ်ပွဲ ကျင်းပခဲ့သည်။