ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုးနှင့်အခြားကျန်းမာရေး အထောက်အကူ ပစ္စည်းများထပ်မံဝင်ရောက်
Aug 21,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က 40L Oxygen အိုးအလွတ် (၉၉၀) လုံး၊ 20L Oxygen အိုးအလွတ်(၅၅၀) လုံး၊15 L Oxygen အိုးအလွတ်(၄၃၃၀)လုံး၊OxygenPlant စက်(၁) လုံး၊ MASK ဖာ (၅၉၈၆)ဖာ၊ PPE ဝတ်စုံ (၁၉၇၁) ဖာ၊ Medical Regulator (၁၉၃) ဖာ၊ တွန်းလှည်း ( ၂၅၀) ဖာ၊ Concentrator (၂၁၅)ဖာ၊ ဗီတာ မင် (C) ဆေး (၁၁၃၄) ဖာ၊ မျက်မှန် ( ၂၁၆) ဖာ၊ ခေါင်းစွပ်(၁၀၀၀) ဖာ၊ MANNITOL Injection(၂၄၀၀) ဖာ၊ တင်ဆောင် လာသည့် မော်တော်ယာဉ်များထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။