သတင်းများ

အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ တောင်နဝန်းဆည်အတွင်း ငါးမျိုးစိုက်ထည့်
Aug 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ ဒေသတွင်းရေလုပ်သားများ အလုပ်အကိုင်ဖွံဖြိုးစေရေးနှင့် ငါးရိက္ခာဖူလုံစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်နဝန်းဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများ၊ ငါးမျိုးစိုက်ထည့်ရေးကြီးကြပ်အဖွဲ့ဝင်များ၊ ဆည်မြောင်းဝန်ထမ်းများ၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့တွင် သက်တော်၆၅ နှစ်နှင့်အထက် သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 20,2021
မိတ္ထီလာမြို့တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် သက်တော်၆၅ နှစ်နှင့်အထက် သံဃာတော်များအား ယနေ့ မွန်းလွဲ ၁ နာရီအချိန်က နေရာ ၂ ခု ခွဲ၍ ကိုဗစ်၁၉ ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးကြောင်း သိရသည်။
တာမိုးညဲ မြို့ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း
Aug 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲ ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိသော ကိုဗစ်အတည်ပြုလူနာများအား ကုသရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက်  (၁၁)နာရီ အချိန်တွင် ဦးတင်ထွန်းနှင့် တာမိုးညဲပြည်သူ့စစ်မိသားစုမှ ပြည်သူ့ဆေးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသင်တန်းကျောင်းမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်စက် တစ်လုံးနှင့် စားသောက်ဖွယ်ရာများလာရောက်လှူဒါန်း
Aug 20,2021
ဟိုပုံးမြို့နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အရာရှိစစ်သည် သင်တန်းသားများမိသားစုတို့မှ ဟိုပုံးပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်စက်တစ်လုံးနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ်၌ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး
Aug 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလ၌ ဈေးကွက်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသရေး၊ ဆေးဝါးနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် သာသနာ့ဗိမာန်အား ယာယီဆေးရုံဖွင့်လှစ်နိုင်ရေးဆောင်ရွက်
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာ့ဗိမာန်အား ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် ယာယီဆေးရုံအဖြစ် ပြန်လည်အသုံးပြုရန်ပြင်ဆင်မှုကို ယမန်နေ့နံနက် ၁၁နာရီမှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့၌ ဧရာဝတီမြစ်ရေသည် မြင့်တက်လျက်ရှိပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် မြစ်ရေများဝင်ရောက်နေ
Aug 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ဧရာဝတီမြစ်ရေသည် ယနေ့ မွန်းလွဲ(၁၂:၃၀)အချိန် တိုင်းတာချက်အရ (၉၆၈)စင်တီမီတာ အထိ မြှင့်တက်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။