သတင်းများ

တွံတေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာ
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများ တွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံမြို့တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခမဲ့သင်ကြား‌ပေးသည့် အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်းဖွင့်လှစ်
Aug 10,2020
မွန်ပြည်နယ်၊ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဉ်တစ်ခု အဖြစ် အခမဲ့ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် မော်တာ အပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်က သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာရုံး၌ ကျင်းပပြုလုပ်သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲပြုလုပ်
Aug 10,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာ၊ တောင်သူဦးထွန်းစိန်၏ လယ်မြေ(၄)ဧကတွင် ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ခမောက်ကြီးမြို့တွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ
Aug 10,2020
ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
လားရှိုးမြို့၌ ၁၃၈၂ခုနှစ် ပြည်သူများနှင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 10,2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရန်တိုင်းအောင်မြို့ဦးစေတီတော်၌ ယနေ့ နံနက်(၉)နာရီအချိန်က ၁၃၈၂ ခုနှစ် ပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန Coronavirus Disease 2019 (COVID-19)ကူးစက်ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေး ဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား VRFP ရန်ပုံငွေ သိန်း ၉၀၀ လွှဲပြောင်းပေးအပ်
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်အတွင်းရှိ (Village Revolving Fund Project- VRFP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာသုံးရွာ အတွက် ရန်ပုံငွေ သိန်း ၉၀၀ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း‌ဆောင်ရွက်ပေး
Aug 10,2020
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ပြည်သူ များအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဩဂုတ် (၉)ရက်နံနက်ပိုင်းက မရမ်းချောင် ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့သည်။
တနိုင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ခုနစ်ရက်တိုးမြှင့် ကပ်ထားကြေညာ
Aug 10,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ ဩဂုတ်လ (၈) ရက်မှ (၁၄) ရက်နေ့အထိ နောက်ထပ်ခုနစ်ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာထားကြောင်း သိရသည်။