သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော်သန့်ရှင်းသာယာလှပရေး၊ တိုင်းမြို့တော် အဖြစ်လမ်းများအဆင့်မြှင့်တင်နိုင်ရေးနှင့် သန့်ရှင်းသော သောက်သုံး ရေဖြန့်ဝေပေးနိုင်ရေးဖြည့် ဆည်းဆောင်ရွက်ပေး
Aug 21,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ပဲခူးမြို့ တော် သန့်ရှင်းသာယာလှပရေး၊ တိုင်းမြို့တော်အဖြစ် လမ်းများအဆင့်မြှင့်တင်နိုင်ရေးနှင့် သန့်ရှင်း သော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များအားတွေ့ဆုံလမ်းညွှန်မှု ပြုလုပ်ခဲ့သည်။
မိုးနဲမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံ အားကစားရုံဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းကျော် ပြီးစီး
Aug 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့ အားကစား ကွင်းဝင်းအတွင်း မိုးလုံလေလုံ အားကစားရုံအား တင်ဒါအောင်ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီက ခွင့်ပြု ရန်ပုံငွေ ကျပ် သန်း ၃၆၀ နှင့် အလျား ပေ ၂၀၀ ၊အနံ ပေ ၁၀၀ နှင့်ခေါင်မိုးအမြင့် ၄၆ ပေရှိ Steel Structure အဆောက်အဦအမျိုးအစားကို တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းများ ၇၅ ရာနှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်ကြီးမြို့နယ်၌ သတင်းသုံးတော်မူကြသော ဆရာ တော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန် တို့အား လှူဒါန်း
Aug 21,2021
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဝါတွင်းသီတင်းသုံးတော် မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန် တို့အား လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာ သရက်တော ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံနှင့် Positive Cemtre များမှကိုဗစ်လူနာ(၉)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့
Aug 21,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာကုသဆောင်နှင့် တနင်္သာရီခန်းမ COVID-19 Positive Cemtre ၊ အထက-တနင်္သာရီ COVID-19 Positive Cemtre ပိုးတွေ့လူနာစောင့်ကြည့်ဌာနများအတွင်း ကျန်းမာရေးစောင့်ကြပ်ဆေးဝါးကုသမှု ခံယူနေကြသည့် ကိုဗစ်လူနာပေါင်း(၂၃၁)ဦးအနက်(၉)ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန် သက်သာလာ၍ သတ်မှတ်ကန့်သတ်ကာလ ရက်ပြည့်ပြီဖြစ်ခြင်းကြောင့် ယမန်နေ့ မွန်းလွှဲ၂ နာရီအချိန်မှစ၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ညွှန်ကြားချက်အရ ဆေးရုံမှနေအိမ်သို့ ပြန်လည်ဆင်းခွင့်ပြုပြီး ဆေးရုံဆင်းခွင့်လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရှိရ
ဝက်လက်မြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ်အဖြစ် လူဦးရေ ၆၀၀၀ဦး ထိုးနှံပြီး
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လူဦးရေ ၆၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ် ပြည်သူ့ဆေးရုံးဝန်းအတွင်းနှင့် Oxygen Plant စက်သစ်ကြီးထားရှိမည့် နေရာများအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 21,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ​ပေါင်မြို့နယ်ပြည်သူ့ဆေးရုံးဝန်းအတွင်းနှင့် Oxygen Plant စက်သစ်ကြီး ထားရှိမည့် နေရာများအတွင်း မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၇နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အမာမြို့၌ ရောဂါပိုးရှိသူ လူနာ(၅)ဦး ဆေးရုံမှထပ်မံဆင်းခွင့်ရ
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူလူနာ (၂) ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့လူနာ(၅)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့်ရကြောင်း သိရသည်။
မြေပုံမြို့နယ်၊ ကရုဏာ(နာရေး)ကူညီမှုအသင်းဥက္ကဋ္ဌအား တွေ့ဆုံမေးမြန်းခြင်း
Aug 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် လူမှုကူညီရေးပရဟိတလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ပေးနေသော ကရုဏာ(နာရေး)ကူညီမှုအသင်းတည်ရှိရာ မြေပုံမြို့ ကံသာထွက်ဝရပ် ကွက်ရှိ အသင်းရုံးသို့ ယနေ့ နံနက် ၈ နာရီက သွားရောက်၍ အသင်း၏လုပ်ငန်းဆောင် ရွက်နေမှုများကို တွေ့ဆုံမေးမြန်းသည်။