သတင်းများ

ဝက်လက်မြို့တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယခု လတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတုတ္ထအကြိမ်မြောက်ကို ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း သံဃာများ၊ ဝန်ထမ်းများ၊ စျေးရောင်းချသူများကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့်လူဦးရေ (၉၄၀၃)ဦး ရှိသည့်အနက် လူဦးရေ(၃၄၄၈)ဦးထိ ထိုးနှံပြီးဖြစ်
Aug 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၃၄၄၈)ဦးအား သြဂုတ် ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးသွားမည်
Aug 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ်လ ၂၃ ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရွှေကူမြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်ရှိ မိဘပြည်သူများ ရေဘေး လွတ်ရာသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိ
Aug 21,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြိုတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြာင့် ရွှေကူမြို့အတွင်းရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း မြစ်ရေဆက်လက် ဝင်ရောက်မှုများ ရှိလာသည့်အတွက် ယမန်နေ့ နေ့လယ်(၂)နာရီတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြေင်း သိရှိရသည်။
မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်းငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရန် အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ် လျက်ရှိရာ အဆိုပါ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်​ ဒေသခံပြည်သူ (၁၅၄၂၅)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး
Aug 21,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)​ မြို့နယ်တွင် ​နေရာ (၃)နေရာခွဲ၍ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဦးစားပေး စတင်ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
မိုင်းယောင်းမြို့၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Aug 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနမှ လဝကမှူး ဦးပွားမောင် ဦးဆောင်သည့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် တပ်မတော်သား မိသားစုဝင်များအတွက် အိမ်ထောင်စုလူဦးရေ စာရင်းများ၊ ကလေးမွေးတိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ရက်က ဆောင်ရွက်ပေးသည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဆွမ်းဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီး ကျောင်းများနှင့် စားဝတ်နေရေးကြပ်တည်းနေသူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Aug 21,2021
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်း ဘောဇဉ် အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အချို့မှ စားဝတ် နေရေးခက်ခဲကြပ်တည်းနေသူ အခြေခံလူတန်းစား သာမန်လက်လုပ်လက်စား ချို့တဲ့မိသားစု နေ အိမ်များအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက Kyauk Phyu Youth အဖွဲ့မှ ပရဟိတလူငယ်များမှ ၎င်းတို့၏နေအိမ်များအရောက် သွားရောက်ကာ ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။