ခန္တီးမြို့တွင် ချင်းတွင်းမြစ်အတွင်း မြစ်ရေကြီးခြင်း သတိပေးနှိုးဆော်ချက်များ လိုက်လံနှိုးဆော်

ခန္တီး သြဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်မှာ (၁၃၆၀)စင်တီမီတာဖြစ်ပြီး ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် (၁၂၃၈)စင်တီမီတာသို့ ရောက်ရှိနေ ပြီဖြစ်သဖြင့် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် (၁၂၂)စင်တီမီတာ(၄)ပေခန့်သာ လိုအပ်ပါသဖြင့် ချင်းတွင်း မြစ်ဘေး နေထိုင်ကြသူများနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများ အနေဖြင့် ရေဘေးအန္တရာယ် အထူးသတိပြု နေထိုင်ကြရန် ချင်းတွင်းမြစ်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။    

အဆိုပါ သတိပေးနှိုးဆော်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မေတ္တာရေစင်ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ ချင်းတွင်းမြစ်ဘေးကျေးရွာများ ဖြစ်ကြသည့် ကင်းတော် ကျေးရွာ၊ ကချင်ကျေးရွာ၊ လက်ဖက်ခင်းကျေးရွာ၊ ဆင်သေကျေးရွာ၊ နန်ဖာကျေးရွာ၊ အောင်သာကျေးရွာ၊ သာစည်ကျေးရွာများသို့ သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဒီဇိုင်း(ရတနာမြေ)