သတင်းများ

ဆွမ်ပရာဘွမ်မြို့နယ်၌မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်နှင့်ကုန်စုံဆိုင်များတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့များကွင်းဆင်းစစ်ဆေး
Aug 21,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ကာလတွင်ကိုဗစ် -၁၉စည်းကမ်းချက် များနှင့်အညီမြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ဩဂုတ်၂၀ရက် မွန်းလွဲ၁နာရီခွဲအချိန်က စစ်ဆေးခဲ့‌ကြောင်းသိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း/ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး. ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း /ပရဟိ တအဖွဲ့များအားကိုဗစ်−၁၉ရောဂါကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရန် အသိပညာပေးကြေညာ
Aug 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများ ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်စေရန် အသိပညာပေး ကြေညာခြင်းကို ယနေ့ နံနက် (၈) နာရီခွဲက ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ပိုက်တီမြို့တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် လှည့်လည် အသိ‌ ပေးခြင်း‌‌ဆောင်ရွက်
Aug 21,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့တွင်ကိုဗစ်-၁၉ကူးစက်မူ မြှင့်မားလာ သည့်အတွက် ပြည်သူများ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၀န်ထမ်းများမှ ကန်ပိုက်တီမြို့ မြို့ပေါ်ရပ်ကွက်အမှတ်( ၁ )၊(၂)၊‌(၃)တို့တွင် လိုက်လံအသိပညာ‌ပေးခြင်းကို ယ‌မန်နေ့ မွန်းလွဲ (၁)နာရီ ချိန်တွင်ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့် စုဖွဲ့ဆောင်ရွက်
Aug 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ တုံ့ပြန် ကူညီဆောင်ရွက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 21,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၄ နာရီက မြို့ဝင်/ထွက်ရှိ အုန်းချောင်းတံတားထိပ်၌ ဈေးရောင်း ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ လျော့ချစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ နှင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်
Aug 21,2021
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်၌ Stay at Home ကာလအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်း စည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ် ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့အဝင်စည်ပင်သာယာရေးဂိတ်၌ ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိ
Aug 21,2021
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ်၌ Stay  at  Home ကာလအတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်ပြင်ထွက်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက မြို့အဝင် စည်ပင်သာယာရေးဂိတ်၌ ပြုလုပ်ခဲ့သည်။