သတင်းများ

ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator (၁)နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း အောက်ဆီဂျင်အထူးလိုအပ်နေသော လူနာများ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ(၁၄)သိန်းခန့်တန်ဖိုးရှိ Oxygen Concentrator (၁) လုံးနှင့် ရွှေအသုတ်အောက်ဆီဂျင်အလှူတော်အဖွဲ့ဥက္ကဋ္ဌ(ဦးဝင်းနိုင်ဦး)နှင့် မိသားစုမှ 40 liter အောက်ဆီဂျင်အိုး(၉)လုံးနှင့်Flow Meter (၄)ခုတို့အား မြို့နယ်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် (၁၀)နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးလင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်၌ မိုးစပါးနှင့် အခြားသီးနှံစုံ လျာထားစိုက်ဧကပြည့်မီစွာစိုက်ပျိုး
Aug 20,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မြင်က၀ကျေးရွာအုပ်စုရှိ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင်ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားသီးနှံစုံ လျာထားစိုက်ဧက ပြည့်မီစွာ စိုက်ပျိုးခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့တွင် လမ်းမကြီး နှင့် လမ်းကြားများတွင်စက်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Aug 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်​ရေး အ​နေဖြင့် လမ်းမကြီးနှင့်လမ်းကြားများအား စက်ဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းကို ယနေ့နေ့လယ် ၁၁နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုဏ္ဏားကျွန်းမြို့၌ စေတနာရှင်ပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့်အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်လျက်ရှိ
Aug 20,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင် အောက်ဆီဂျင် ပြတ်လပ်မှုအခက်အခဲမရှိစေရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် စေတနာရှင်များ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့် အောက်ဆီဂျင်စက်ရုံကို စစ်တွေ-ရန်ကုန် ကားလမ်းမကြီးဘေး၊ ဂူဝရေလှောင်တာတမံအနီးတွင် စတင် တည်ဆောက်လျက်ရှိသည်။
ကလေးမြို့တွင် တောင်ဖီလာတောင်ရှိ သာသနာ့ဝန်ထမ်းများအား လှူဖွယ်ဝတ္ထုများဆက်ကပ်
Aug 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ တောင်ဖီလာတောင်ပတ်လည်ရှိ ကျောင်းသင်္ခမ်းများတွင် တရားဘာဝနာများကျင့်ကြံ အားထုတ်နေကြသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးကျောင်း များထံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များကို လုလင်ငယ်လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များစုပေါင်း၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဗန်းမော်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ နေအိမ်များအား ရေဝင်ရောက်သဖြင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေရာချထားပေး
Aug 20,2021
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၁၅၀)စင်တီမီတာဖြစ်ရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ၌ တိုင်းထွာချက်အရ (၁၀၀၇)စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင် ကိုဗစ်ကော်မတီမှ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ပေးနေသော ပရိတလူမှုကူညီရေးအသင်း အဖွဲ့အစည်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။