ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရွှေကူမြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်ရှိ မိဘပြည်သူများ ရေဘေး လွတ်ရာသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိ

ရွှေကူ သြဂုတ် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြိုတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြာင့် ရွှေကူမြို့အတွင်းရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း မြစ်ရေဆက်လက် ဝင်ရောက်မှုများ  ရှိလာသည့်အတွက် ယမန်နေ့ နေ့လယ်(၂)နာရီတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြေင်း သိရှိရသည်။

ရာဝတီမြစ်ရေ မြင့်တက်မှုကြာင့် ရွှေကူမြို့အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက် လျက်ရှိရာ မြေနိမ့်ပိုင်းရက်ကွက်ဖြစ်သည့် အမှတ်(၄) ရက်ကွက်၊ ဘောဂဗလရပ်အတွင်း မြစ်ရေ တဖြည်းဖြည်း ဆက်လက် ဝင်ရောက်လျက်ရှိရာ ရွှေကူမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးရဲရင့်ခိုင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးဖြင့် ရေဝင်ရောက်လျက်ရှိသည့် အိမ်ထောင်စု(၉)စု၊ လူဦးရေ စုစုပေါင်း(၄၂)ဦးတို့အား ရေဘေးလွတ်ရာ အဆိုပါရပ်ကွက်အတွင်းရှိ သူဋ္ဌေးတောရဘုန်း တော်ကြီးကျောင်းဝန်းအတွင်းသို့ ကယ်ဆယ်ကူညီ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရ သည်။

ရွှေကူမြို့အတွင်း စိုးရိမ်ရေအမှတ်မှာ (၉၃၀) စင်တီမီတာဖြစ်ပြီး၊ သြဂုတ်လ (၂၀) ရက်နေ့ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၈၈၅)စင်တီမီတာသို့ မြင့်တက်ရောက် ရှိနေကြောင်း၊ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၄၅) စင်တီမီတာသာ လိုအပ်ကြောင်းနှင့် ဒီကနေ့အတွက် ဧရာဝတီမြစ်ရေ မြင့်တက်မှုအခြေအနေမှာ မိုးရာသီကာလပုံမှန်မြစ်ရေမြင့်တက်မှု ပမာဏအတိုင်း တစ်ဖြေးဖြေးခြင်း မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် ပြန်ဆက်