ရန်ကင်း သြဂုတ်၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၃၄၄၈)ဦးအား သြဂုတ် ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဒေါက်တာသီသီလတ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွား(၁၂၇၅)ဦး၊ အစိုးရ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁၉၀)ဦး၊ သံဃာတော်၊ သီလရှင် (၁၅၉)ပါး၊ အစိုးရဝန်ထမ်း (၃၅၈)ဦး နှင့် အစိုးရဝန်ထမ်းမိသားစုဝင် (၁၀၀၆)ဦး၊ စေတနာ့ဝန်ထမ်း (၄၁၁)ဦးနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၁၀)ဦး၊ ဟိုယ်မိုတယ်ဝန်ထမ်း(၃၆)ဦး၊ အကျဉ်း/အချုပ်သား (၃)ဦးစုစုပေါင်း (၃၄၄၈)ဦးတို့ကို ဩဂုတ်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ မြို့နယ်အတွင်းရှိ မိုးကောင်းစေတီဘုရားဝင်း အရိယာဓမ္မာရုံ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopham) ကို ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ရန်ကင်းမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံမည့် လူဦးရေစာရင်း ကောက်ယူထားရှိမှု လူဦးရေမှာ (၉၄၀၃)ဦးရှိပြီး သြဂုတ် ၃ ရက်မှ ၁၉ ရက်ထိကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ(၃၄၄၈) ဦးရှိပြီ ဖြစ်တဲ့အတွက် ဆေးများထပ်မံရောက်ရှိပါက အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသည့် ဘိုးဘွားများနှင့် သတ်မှတ်ဦးစားပေး အဆင့်အလိုက် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမှာဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်ထံမှ သိရသည်။
လှလှထွေး