အုတ်ဖို သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ်လ ၂၃ ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအလိုက် ပင်စင် လစာငွေများကို သြဂုတ်လ ၂၃ ရက်နေ့မှစတင်၍ ကျောင်းကြီးတန်း၊ မိုးညိုတန်းနှင့် အောင်မင်္ဂလာရပ်ကွက်တို့ကိုစတင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့်ရပ်ကွက် ကျေးရွာများကိုလည်း သက်မှတ်ရက်များ ကြေငြာထားရှိပြီးဖြစ်ကြောင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် သက်မှတ်ရက်များတွင် မထုတ်ရသေးသော ပင်စင်စားများအား ကျန်ရှိသည့်ရက်များတွင် ရုံးပိတ်ရက်များမှအပ နေ့စဉ်ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အုတ်ဖိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ထံမှသိရသည်။
အောင်သူ(အုတ်ဖို)