ဝက်လက်မြို့တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး

ဝက်လက် သြဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ယခု လတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတုတ္ထအကြိမ်မြောက်ကို ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း သံဃာများ၊ ဝန်ထမ်းများ၊ စျေးရောင်းချသူများကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ  ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို နောက်ထပ်ရရှိပါက ဒေသခံပြည်သူများ ကို ဆက်လက်၍ ထိုနှံပေးသွာမည်ဖြစ်ကြောင်ကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။           

စိုးစိုးလှိုင်