သတင်းများ

အထပ်မြင့်အဆောက်အဦများ မီးငြိမ်းသတ်ခြင်းနှင့် အသက်ကယ်ခြင်း လက်တွေ့လေ့ကျင့်
Aug 26,2021
အထပ်မြင့်အဆောက်အဦများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက လက်တွေ့မီးငြိမ်းသပ် ခြင်းနှင့် အသက်ကယ်ကူညီမှု လက်တွေ့လေ့ကျင့်ခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်စခန်း အထပ်မြင့်အဆောက်အဦတွင် ယနေ့ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ဒေါင့်သန်းရောဂါနှင့် ပေါင်ပုတ်လက်ပုတ် ကူးစက်ရောဂါကာကွယ်ဆေး(အခမဲ့)လိုက်လံ ထိုးနှံပေး
Aug 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် မြစ်ရေဝင်ရောက်နိုင်မည့် ကျေးရွာများရှိ ကျွဲ၊ နွားများအား ကူးစက်ရောဂါ ကာကွယ်ဆေး နေရာအရောက် လိုက်လံထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကတက်ကုန်းကျေးရွာ၊ တိရိစ္ဆာန်သက်ကယ်ကုန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကုတင်(၁၀၀) ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက သန့်ရှင်းရေးလုပ်ငန်း များ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သရက်မြို့၌ အသက်၆၅နှစ်အထက်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 26,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များတွင် ဆေးထိုးရန် ကျန်ရှိနေသူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့နံနက် ၉  နာရီက ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့ ပရဟိတလူငယ်များမှ ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ ခက်ခဲမှုမရှိစေရေး လိုရင်ယူ ပိုရင်လှူ အစီအစဉ် ပြုလုပ်ပေး
Aug 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပရဟိတလူငယ်များမှ ကိုဗစ်-၁၉ ‌ ကာလတွင် ပြည်သူ များ ခက်ခဲမှုမရှိစေရေး လိုရင်ယူ ပိုရင်လှူအစဉ်ကို ယမန်နေ့က ကျိုင်းတုံမြို့၊ လွယ်မွေလမ်း၊ ပါလျံမြို့ရိုးတံခါးအနီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီပြုလုပ်ခဲ့ ကြောင်းသိရသည်။
မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်နှင့် ခါးကော့ကျေးရွာသို့ ဆက်သွယ်သွားလာသည့် လမ်းပေါ်ရှိ နတ်စင်ချောင်းတံတား ပြန်လည်တည်ဆောက်ပြီးစီး
Aug 26,2021
မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်နှင့် ခါးကော့ကျေးရွာသို့ ဆက်သွယ်သွားလာသည့်လမ်းပေါ်ရှိ နတ်စင်ချောင်းတံတား ပြန်လည်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်၁၉ရောဂါအကာအကွယ်ပစ္စည်းများလှူဒါန်းလက်ခံ
Aug 26,2021
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် Quarantine centreတွင် ကုသမှုခံယူသူများနှင့် အများပြည်သူအသုံးပြုရန်အတွက် စေတနာလုပ်ငန်းရှင်များက အကာအကွယ်ဆက်စပ်ပစ္စည်းများကို အဆက်မပြတ်လှူဒါန်းလျက်ရှိပါသည်။
ကော့မှူးတွင် ဒေသခံပြည်သူများအား ဆန်နှင့် ဆီများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်းချပေး
Aug 26,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ များအမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန် မှုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းတို့ပူး ပေါင်း၍ ယနေနံနက်၉နာရီမှစတင်၍ မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်နှင့်ဆီများအား ဈေးနှုန်းသက်သာစွာဖြင့်လာ‌ ရောက်ရောင်းချပေးနေ ကြောင်း သိရသည်။