ကော့မှူးတွင် ဒေသခံပြည်သူများအား ဆန်နှင့် ဆီများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်းချပေး

ကော့မှူး ဩဂုတ် ၂၆

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ များအမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန် မှုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းတို့ပူး ပေါင်း၍ ယနေနံနက်၉နာရီမှစတင်၍ မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်နှင့်ဆီများအား ဈေးနှုန်းသက်သာစွာဖြင့်လာ‌ ရောက်ရောင်းချပေးနေ ကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် မြို့နယ်ကိုဗစ်-၁၉‌ ရောဂါထိန်းချုပ်‌ ရေးနှင့်အရေးပေါ်ကော်မတီဥက္ကဌ ဦးကျော်ဒေဝနှင့် ကော်မတီ အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့်ဝန်ထမ်းများ ရဲတပ်ဖွဲ့  ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များကဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အားဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ‌ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထတစ်ပြည် လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့်ဆန်အိတ်(၁၀၀)အားလည်းကောင်း ၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ဖြင့်ဆန်အိတ်(၁၃၆) အိတ်အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူး ကို ငွေကျပ် ၁၈၅၀ကျပ်နှုန်းဖြင့် ဆီ(၃၀၀)ဘူးတို့အားလာ ရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။ 

ကျော်သူရ (ကော့မှူး)