ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊မက်မန်းမြို့ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ
Aug 26,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့်တာဝန်ရှိသူများသည်သြဂုတ်(၂၅)ရက်နံနက်(၉)နာရီခွဲရှမ်းပြည်နယ်(အရှေ့)ပိုင်းလမ်းဦးစီးဌာနမှတာဝန်ယူဆောင်ရွက်နေသောမိုင်းပျဉ်း-မက်မန်းလမ်းအား လမ်းဦးစီးဌာနမှတာဝန်ရှိသူ တစ်မှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မက်မန်းမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ ကြောင်း သိရသည်။