မိတ္ထီလာ၊ သြဂုတ် ၂၆
မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်နှင့် ခါးကော့ကျေးရွာသို့ ဆက်သွယ်သွားလာသည့်လမ်းပေါ်ရှိ နတ်စင်ချောင်းတံတား ပြန်လည်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်နှင့် ခါးကော့ကျေးရွာသို့ ဆက်သွယ်သွားလာသည့် လမ်းပေါ် ရှိ အရှည် ပေ ၈၀၊ အကျယ် ၁၅ ပေခန့်ရှိ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားရှိသည့် နတ်စင်ချောင်း တံတားမှာ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်က ချောင်းရေတိုက်စားသဖြင့် ၎င်းတံတားမှာ တစ်ပေခန့် နိမ့်ကျခဲ့သဖြင့် လူနှင့် တိရစာ္ဆန်များ သွားလာရာတွင် အန္တရာယ်မရှိစေရန်အတွက် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန (တံတားတည်ဆောက်ရေး) နေပြည်တော်မှ တာဝန်ယူ၍ အရှည် ပေ ၈၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ နှစ်လွှာတစ်ထပ် ဘေလီသံဘောင်တံတားအမျိုးအစားကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ တည်ဆောက်ခဲ့ရာ ၎င်းတံတားမှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါနတ်စင်ချောင်းတံတားကို ကျောက်ဖြူကုန်း၊ အုတ်နှဲဘုတ်၊ ဂဠုံကုန်း၊ လက်ပံ၊ ခါးကော့၊ ရွာမ၊ အုတ်မြေကန်၊ အင်ကြင်းစု၊ ရှင်မြို့၊ ညောင်ပင်လျှိုကျေးရွာတို့မှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာ လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်