လှိုင်းဘွဲမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Aug 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ အခက်အခဲမရှိစေရန်အတွက် မြို့နယ်သံဃနာယကဆရာတော်များမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊အလှူရှင်များနှင့် ဘာသာရေးခေါင်းဆောင်အသီးသီးမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက် နိုင်ရေးအတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောက်ရွက်ခဲ့ကြောင်း သိရသည်။