သတင်းများ

လားရှိုးမြို့၌ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ဦးရေ(၂)ထောင်ကျော်ထိုးပေးမည်
Aug 28,2021
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို(၂၃၃၄)လုံး ခွဲတမ်းရရှိခဲ့ပြီး ဩဂုတ်လဆန်း(၁)ရက်နေ့ကစင်ကာ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းလုပ်ငန်း အောင်မြင်စွာ ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး
Aug 28,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်လျက်ရှိ
Aug 28,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းအချိန်က ဩဂုတ်လအတွင်း ပထမအပါတ်မှစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပထမဦးစားပေးအဖြစ် ထိုးနှံခွင့်ရရှိသည့် မိဘပြည်သူများအား ဒုတိယအကြိမ်အဖြင့် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ဇမိခန်းမအတွင်း၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားပြည်သူများအား ဆန်နှင့်ကြက်ဥများ၊ အသားများ စျေးနှုန်း သက်သာစွာ ရောင်းချပေး
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ အခြေခံလူတန်းစားပြည်သူများအား ဆန်နှင့်ကြက်ဥများ၊ အသားများအား ယနေ့ နံနက် ၈ နာရီက စျေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့ ဆီဆုံ(အောင်သပြေ)ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Aug 28,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ဆီဆုံ (အောင်သပြေ) ကျေးရွာအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာမြေငှားဂရန်ရရှိရေး စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံနှင့် ရပ်မိရပ်ဖများပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်(၆၅)နှစ် အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အ.ထ.က-အင်္ဂပူ၊ အ.ထ.က-ထူးကြီး၊ အ.ထ.က-ကွင်းကောက်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမနှင့် ညောင်ကျိုးဒေသ ငဝန်ဧရာခန်းမတို့၌ စုရပ်(၅)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမည်
Aug 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီမှ စတင်၍ သက်ဆိုင်ရာ စုရပ်အသီးသီး၌ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။