သရက် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များတွင် ဆေးထိုးရန် ကျန်ရှိနေသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ်တွင် အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ဇွန် ၂၅ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm ကို ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင်၂၉ ရက်တွင် ထိုးနှံပေးခဲ့ပြီး ဖြစ်ရာတွင် ယခုအကြိမ်သည် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း