မြင်းမူ ဩဂုတ် ၂၆
အထပ်မြင့်အဆောက်အဦများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက လက်တွေ့မီးငြိမ်းသပ် ခြင်းနှင့် အသက်ကယ်ကူညီမှု လက်တွေ့လေ့ကျင့်ခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်စခန်း အထပ်မြင့်အဆောက်အဦတွင် ယနေ့ပြုလုပ်ခဲ့သည်။
လူ့၏ ပေါ့ဆမှုကြောင့်သော်လည်းကောင်း၊ သဘာဝဖြစ်စဉ်များကြောင့်လည်းကောင်း အချိန်ရာသီမရွေး ဖြစ်ပွားလာနိုင်သည့် ဘေးအန္တရာယ်များကို အချိန်တိုအတွင်း စနစ်တကျ ကူညီရှာဖွေကယ်ဆယ်နိုင်ရန်၊ အထပ်မြင့် အဆောက်အဦများကို မီးလောင်ကျွမ်းမှုကို နည်းစနစ်တကျ အမြန်ဆုံး ငြိမ်းသတ်ခြင်းနှင့် အခန်းတွင်းပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူ မြို့မအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းလေ့ကျင့်ခြင်းဖြစ်ကြောင်း၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးချမ်းငြိမ်းအောင်၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ မြို့နယ်မီးသတ်ဝင်များအနေဖြင့် ရေပြင်အသက်ကယ်ခြင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ