သတင်းများ

သက်တော် ၁၀၁ နှစ် ဝါတော် ၈၁ နှစ်ရှိ ဆရာတော်ဘုရားကြီး အား ကိုဗစ်ရောဂါ ပျောက်ကင်းအောင် ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်ဆရာဝန်၊ ပါရဂူများနှင့် အနီးကပ်ပြုစု စောင့်ရှောက်မှု ဆောင်ရွက်ပေးသည့် ဆရာတော်များနှင့် တွေ့ဆုံမေးမြန်း
Aug 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တအရိန္ဒမ၊ သက်တော် (၁၀၁) နှစ်၊ ဝါတော် (၈၁) ဝါရှိသည့် ဆရာတော်ဘုရားကြီးသည် ကိုဗစ်-၁၉ ရောဂါဖြင့် ဩဂုတ်လ (၂) ရက်နေ့တွင်
ကန့်ဘလူမြို့၌ အောက်ဆီဂျင် (၄၀-လီတာ) အိုး အလုံး (၃၀) မန္တလေးမြို့ ထိုက်တန်သူလူမှုကူညီရေးအသင်းမှ လာရောက်လှူဒါန်း
Aug 28,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေးကော်မတီ (ပရဟိတအဖွဲ့)သို့ မန္တလေးမြို့ ထိုက်တန်သူလူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် (၄၀-လီတာ) အိုး အလုံး (၃၀)ကို ယနေ့နံနက် ၁၀ နာရီခွဲက လာရောက်လှူဒါန်းရာ ကန့်ဘလူမြို့ပိတောက်သိင်္ဂီခန်းမ(၂)တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်စတင်ထိုးနှံပေးလျက်ရှိ
Aug 28,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် နှင့် ပြည်သူများအားလုံးကို ယနေ့နံနက်ပိုင်း၉နာရီမှစ၍  COVID-19ရောဂါ ကာကွယ်ဆေးကို ပထမ အကြိမ်ထိုးနှံခဲ့သည့် ယခင်စုရပ်တွင် ဆေးထိုးပြီးသောဖြတ်ပိုင်းနှင့် မှတ်ပုံတင်တစ်ပါ တည်း ယူဆောင် သွားရမည်ဖြစ်ပြီး စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ ကာကွယ်ဆေးထိုး စုရပ်တွင် ဒုတိယအကြိမ် စတင်ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ဆရာတော်၊ သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဆေးထိုးစုရပ် (၁၀) နေရာခွဲ၍ တစ်ပြိုင်နက်တည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့တွင် မြို့မအားကစားရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်တွေ့ဆုံမေးမြန်း
Aug 28,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ အခြေအနေများအား ယနေ့နံနက်၁၀နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မြန်အောင်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံပြီး သော အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယ အကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က အောင်ဇေယျခန်းမ၊ ကနောင်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် အင်ပင်မြို့ ကျေးလက်ကျန်း မာရေးဌာန၊ လက်ပံကွင်း‌ကျေးလက် ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။