ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကော့သောင်း သြဂုတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကုတင်(၁၀၀) ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက သန့်ရှင်းရေးလုပ်ငန်း များ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုဗစ်၁၉ရောဂါ ကူးစက်ဖြစ်ပေါ်မှု ပြန်လည်ဖြစ်ပေါ်လျက်ရှိသည့် ကာလအတွင်း ကော့သောင်း မြို့အနေဖြင့် ပိုးတွေ့လူနာများပြန်လည်တွေ့ရှိကာ ကျန်းမာရေးဌာနအနေဖြင့်ဆေးဝါး ကုသမှု များ အားအချိန်နှင့်တစ်ပြေးညီ အားသွန်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့ဆေးရုံကြီးအနေဖြင့် ရောဂါထိန်းချုပ်ကုသမှုလုပ်ငန်းများ သန့်ရှင်းသန့်ယတ်စွာဆောင်ရွက်ပေးနိုင်ရေးနှင့် ဆေးကုသ မှု ခံယူမည့်လူနာများ ဆင့်ပွားဘေးအန္တရာယ်များမဖြစ်ပေါ်စေရေးရည်ရွယ်ကာ  ကော့သောင်း မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆေးရုံးဝင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းသယ်ယူကာ သတ်မှတ်အမှိုက်စွန့်ပစ်ရာ သို့သွားရောက်စွန့်ပစ်ပေးခြင်း၊ ဆေးရုံပတ်ဝန်းကျင်ရေစီးရေလာ ကောင်းမွန်ရေး ရေနှုတ်မြောင်း များတူးဖေါ်ရှင်းလင်းပေးခြင်းစသည့်လုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ပြည်တွင်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့များဖြင့် စုပေါင်း ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)